“နတ်တိုင်းနတ်ပြည် တည်ရှိပါလျှင် ...”
“if there are any heavens ...”
-- E. E. Cummings (1931)
(လူမင်းလွင်ဘာသာပြန်သည်)
နတ်တိုင်းနတ်ပြည် တည်ရှိပါလျှင် ကျွန်ုပ်၏မိခင်သည် (လုံးချင်း) တစ်ပြည်ပိုင်အံ့ ။
နွမ်းလွယ်နုပန်း နတ်ဘုံနန်းတို့ ဖြစ်မည်မဟုတ်၊
အနိစ္စလီလီ ဒေ၀ီစံနန်း ဖြစ်မည်မဟုတ်၊
နက်ရှိုင်းနီ နှင်းဆီတို့၏ ကောင်းကင်ဘုံသာ။
ကျွန်ုပ်၏ဖခင်သည် (နှင်းဆီခဲ့သို့ နက်ရှိုင်းသော
နှင်းဆီကဲ့သို့ မြင့်မားသော)
သူမ၏ နံဘေးတွင် ပွင့်လွှာစက္ခုတို့ဖြင့်
(တိတ်ငြိမ်စွာ)
ယိမ်းလျက် ကြည့်ရှု ၊
ကဗျာဆရာတို့၏ ပန်းမျက်နှာ ၊
ချစ်ကျင်နာစကား ပြောတတ်သည့် လက်ချောင်းများ မပိုင်ဆိုင်သော မျက်နှာ ဖြင့်
ဗလာသာတွေ့။
(ရုတ်တရက် နေရောင်ခြည်အောက်တွင်
ဖခင်ဖြစ်သူသည် ဦးညွှတ်ပါလွမ့်မည်၊
ဥယျာဥ်နန်း လမ်းတလျှောက် ပန်းအပေါင်းတို့သည်လည်း သူမထံ ဦးညွှတ်ပါလွမ့်မည်။)